• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, November 12, 2011

Antamedia Internet Cafe 5.4 Full + Video Tutorial


ကျွန်တော့်ကို မေးလ်ထဲကနေ အကိုတစ်ယောက်က Antamedia HotSpot Software ကို တောင်းထား တာလေးရော ပြီးတော့ အသုံးပြုနည်းလေးပါ  ရေးပေးဖို့ တောင်းဆိုထားတာ ရှိပါတယ် .. အကိုရေ .. Software လေးကိုတော့ ကျွန်တော် Full Version လေးသုံးလို့ ရအောင် ရှာပေးလိုက်ပါတယ် .. အသုံးပြုနည်းကိုတော့ ကျွန်တော်အနေနဲ့ ရေးပေးဖို့ အခက်အခဲ ရှိတာကြောင့် အဆင်ပြေအောင် Tutorial Video လေးရှာပြီး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးကတော့ ကျွန်တော်တို့ အင်တာနက် ဆိုင်တွေမှာ Sever စက်တွေနဲ့ Client စက်တွေ ကြားမှာ ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ အတွက် အထောက်အကူ ပေးနိုင်မှာ ဖြစ်ပါတယ် .. ဒီကောင်လေးနဲ့ Sever ကွန်ပျူတာကနေ အများဆုံး Client Computer 250 အထိ Control လုပ်ပေး နိုင်မှာ ဖြစ်ပါတယ် . 

ဒီကောင်လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို ကျွန်တော် အခုတင်ပေးထားလိုက်တဲ့ Video Tutorial လေးကို ကြည့်လိုက်ရင် သဘောပေါက်သွား ပါလိမ့်မယ် .. ဒီ Video Tutorial ထဲမှာ Antamedia HotSpot  ကို Sever Computer ပေါ်မှာ ဘယ်လိုအသုံးပြုရမယ် ဘာတွေလုပ်ပေးဖို့ လိုအပ်တယ် ၊ Client Computer ပေါ်မှာ ဘယ်လိုအသုံးပြုရမယ် ဘာတွေလုပ်ပေးနိုင်တယ် စတာတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. Tutorial Video လေးကို ကြည့်ပြီး အလွယ်တကူ ဆောင်ရွက် တက်သွားလိမ့်မယ်လို့ ထင်ပါတယ် .. ကျွန်တော် Antamedia HotSpot လေးကို Register Version လေးနဲ့ သုံးလို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. 

အရင်ဆုံး ကျွန်တော် ထည့်ပေးလိုက်တဲ့ Keygen လေးကိုဖွင့်လိုက်ပါ ..  ပြီးရင်အောက်ကပုံ ပြထားတဲ့အတိုင်း လုပ်ပေးလိုက်ယုံပါပဲ .. Register လုပ်တာကိုတော့ Sever Computer မှာသာမကပဲ Client Computer တွေမှာပါ လုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ် ..






 Antamedia Internet Cafe 5.4  Full Download





Tutorial   Video




အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


3 comments:

  1. ကျနော်သုံးနေတဲ့ HotSpot ဘဲ။ သိပ်မကျွမ်းကျင်သေးပါဘူးဒါကြောင့် VIDEO လေးကိုယူသွားမယ်ဗျာ။ကျေးဇူးပါဗျာ....လေးစားလျက်

    ReplyDelete
  2. ပြည့်ဖြိုးကျော်March 17, 2012 at 8:43 PM

    အရမ်းကို ကျေးဇူးတင်ပါတယ်. . .ကိုနေမင်းမောင်ရေ. . . နောင်လဲ. . စိတ်ညစ်စရာတွေမရှိဘဲ. . .Sharing များများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ. . . .

    ReplyDelete
  3. Antamedia Internet Cafe မဟုတ်ဘဲ Antamedia Hotspt ကို Full Version လေးလိုချင်ပါတယ် ခင်ဗျာ...။ Configuration လုပ်နည်းလေးကို မြန်မာလိုလေး ပါသိချင်ပါတယ် ခင်ဗျာ...။ ကျေးဇူးပြုပြီး တင်ပေးစေချင်ပါတယ်...။
    အကူအညီကို စောင့်မျှော်လျှက်.....

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်